COVID-19 (ကိုရိုနာဗိုင်းရပ်စ်) - ၀ါရှင်တန် ပြည်နယ်၏ အချက်အလက်၊ ၀န်ဆောင်မှုများ နှင့် ရင်းမြစ်များ

COVID-19 သီးသန့်တယ်လီဖုန်းလိုင်း - အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းချိန်းဆိုမှုများနှင့် အခြားအရာများအတွက်အကူအညီ 

သင့်တွင် COVID-19 နှင့် ပတ်သက်၍မေးခွန်းများရှိပါက သို့မဟုတ်ကာကွယ်ဆေးထိုးရန်ချိန်းဆိုမှုများအတွက် အကူအညီလိုအပ်ပါက ကျေးဇူးပြု၍ 1-800-525-0127 သို့ဖုန်းခေါ်၍ # ကိုနှိပ်ပါ။ သူတို့ဘက်မှတုံ့ပြန်သည့်အခါ စကားပြန်ဝန်ဆောင်မှုများကိုရယူရန် သင်၏ဘာသာစကားကိုပြောပါ။ သီးသန့်တယ်လီဖုန်းလိုင်းကိုနေ့စဉ် ဖွင့်လှစ်ထားပြီး ဖွင့်လှစ်ချိန်များကို the Department of Health ၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည် (အင်္ဂလိပ်ဘာသာဖြင့်သာ)။ 

စီးပွားရေးချိုးဖောက်မှုတစ်စုံတစ်ရာကိုအကြောင်းကြားပါ

စီးပွားရေးလုပ်ငန်းများသည် ၀န်ထမ်းများနှင့် ဧည့်သည်များအတွက် သင့်တော်သောကျန်းမာရေးနှင့်ဘေးကင်း လုံခြုံရေးစီမံချက်များကို ရွေးချယ်ရန်လိုအပ်ပါသည်။ အကယ်၍ သင်သည်ချိုးဖောက်မှုတစ်ခုကိုအစီရင်ခံ လိုပါက သင်၏ဘာသာစကားဖြင့်အကူအညီအတွက်အထက်ပါ COVID-19 သီးသန့်တယ်လီဖုန်းလိုင်းနံပါတ်သို့ ခေါ်ဆိုပါ။ တစ်စုံတစ်ဦးက သင့်အားချိုးဖောက်မှုနှင့်ပတ်သက်သည့်မေးခွန်းများကိုမေးမြန်းမည်ဖြစ်ပြီး သင်၏ကိုယ်စားတိုင်ကြားချက်ကိုတင်ပြပေးမည်။ တိုင်ကြားချက်ကိုတင်ပြရန် သင်၏အမည် သို့မဟုတ် ဆက်သွယ်ရန်အချက်အလက်များကိုမျှဝေရန်မလိုအပ်ပါ။

တိုင်ကြားချက်ကို အင်္ဂလိပ်ဘာသာဖြင့် COVID-19 ချိုးဖောက်မှုစာမျက်နှာတွင်လည်းတင်ပြနိုင်သည်

အကယ်၍ သင်သည် သင်၏အမည် သို့မဟုတ် ဆက်သွယ်ရန်အချက်အလက်များကိုဖြည့်သွင်းပါကတစ်စုံတစ် ဦးက ထိုအချက်အလက်အတွက် အများပြည်သူဆိုင်ရာမှတ်တမ်းများတောင်းခံပါက ထုတ်ဖော်နိုင်သည်။ ပြည်နယ်၏ ပြည်သူ့မှတ်တမ်းအက်ဥပဒေ RCW 42.56 အရ အုပ်ချုပ်ရေးမှူး၏သီးသန့်လုံခြုံရေးသတိပေးချက် (အင်္ဂလိပ်ဘာသာဖြင့်သာ) တွင်ဖော်ပြထားသောမှတ်တမ်းများကို လိုအပ်သလိုထုတ်ပြန်ပါမည်။

အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက်နောက်ထပ်အကူအညီများ

ဘာသာပြန်ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် သီးသန့်တယ်လီဖုန်းလိုင်းသည် သင့်အားအထွေထွေလမ်းညွှန်မှု နှင့်အမှးအငြမ်းများသို့ ညွှန်ကြားပေးနိုင်သည်။ သင့်တွင်မေးလိုသောမေးခွန်းများရှိသေးပါက COVID-19 စီးပွားရေးနှင့်အလုပ်သမားစုံစမ်းရေးဖောင် ကိုဖြည့်ရန် သူတို့သည်သင့်အားကူညီနိုင်သည်။ သင်အဖြေရနိုင် အောင် သင့်အားဆက်သွယ်ရန်အချက်အလက်တောင်းလိမ့်မည်။

ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-19) ကာကွယ်ဆေး

ရှိပါသည်။ ကိုဗစ်-19 ကာကွယ်ဆေးများအတွက် ထပ်ဆောင်းအချက်အလက်များကို သိလိုပါက ကျွန်ုပ်တို့၏ ကိုဗစ်-19 ကာကွယ်ဆေး စာမျက်နှာ

 

စမတ်ဖုန်းတွင် ရောဂါနှင့်ထိတွေ့မှု အသိပေးချက်များ ပို့ပေးသော WA Notify အက်ပ်

WA Notify ကို သင့်ဖုန်းထဲဘယ်လိုထည့်ရမလဲ အပါအဝင် ၎င်းအကြောင်းကို ပိုမိုသိလိုပါက WANotify.org

အလုပ်အကိုင်များ နှင့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဥ်းသည့် ရင်း မြစ်များ

အလုပ်လက်မဲ့ ခံစားခွင့်များ

အလုပ်ပြုတ်သွားပါက အလုပ်လက်မဲ့ခံစားခွင့်များအတွက် သင်အရည်အချင်းပြည့်မီနိုင်ပါသည်။ သို့ ဖုန်းခေါ်ဆိုပါ။ အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားခြင်း နှင့် စပ်လျဥ်းသည့် ဖြည့်စွက်ရမည့်အရာများ အတွက် အချက်အလက်များလိုအပ်ပါက 1-800-318-6022 သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတ စ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။

၀န်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျွန်ုပ်တို့၏ ပြည်နယ်တွင် ရှိသော ထောင်သောင်းချီသော ၀န်ထမ်းများ နှင့် လုပ်ငန်းရှင်များကို အပေါ်တွင် ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။

၀န်ထမ်းများအား လုံခြုံမှုပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များမှ လုပ်ဆောင်ရန်လိုသည့် အရာများ-

  • COVID-19 ရောဂါလက္ခဏာများ နှင့် ရှေ့ပြေးနိမိတ်များနှင့် စပ်လျဥ်း၍ သူတို့၏ ၀န်ထမ်းများနားလည်နိုင်သည့် ဘာသာစကားဖြင့် ပညာပေးပါ။
  • ခပ်ခွာခွာနေရန်အတွက် အစီအစဥ်ကို လုပ်ဆောင်ပါ။
  • မကြာခဏသန့်စင်ခြင်း နှင့် ပိုးသတ်ခြင်းများကို လုပ်ဆောင်ပါ။
  • သင့်တော်သည့် လက်ဆေးခြင်းများကို မကြာခဏ လုပ်ဆောင်ပါ။
  • ဖျားနာနေသည့် ၀န်ထမ်းများအနေဖြင့် အိမ်၌သာနေကြောင်း သေချာစေပါ။

လစာဖြင့် နာမကျန်းခွင့်ယူခြင်း၊ အလုပ်သမားများ၏ နစ်နာကြေးနှင့် အလုပ်ခွင် ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များအကြောင်း အနှစ်ချုပ်နှင့် ပတ်သက်ပြီး မေးလေ့ရှိသည့် မေးခွန်းများ၏ အဖြေများ ကို ဘာသာစကားများစွာဖြင့် Department of Labor & Industries မှ ရယူနိုင်သည်။ 

သင်၏ အလုပ်ခွင်လုံခြုံရေး နှင့်ပတ်သက်၍ စိုးရိမ်ပါက Department of Labor & Industries သို့ 800-423-7233 ကိုနှိပ်၍ ဆက်သွယ်ပြီး ကွန်ပလိန်း တင်နိုင်ပါသည်။ ဖုန်းစကားပြန်၀န်ဆောင်မှုများ လည်း ရရှိနိုင်ပါသည်။

COVID-19 ကာလတွင် သင်၏ လုပ်ငန်း နှင့် ၀န်ထမ်းများ နှင့် စပ်လျဥ်း၍ မေးမြန်းစရာများရှိပါက 855-829-9243 ကို နှိပ်၍ Employment Security Department သို့ ဆက်သွယ်နိုင်ပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကျန်းမာရေးအာမခံဆိုင်ရာ ရင်းမြစ်များ

အခမဲ့ ကျန်းမာရေးအာမခံ သို့မဟုတ် တန်ဖိုးနည်း ကျန်းမာရေးအာမခံများအတွက် သင်အရည် အချင်းပြည့်မီနိုင်ပါသည်။ 1-855-923-4633 ကို နှိပ်၍ Health Care Authority သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။

Alien Emergency Medical (AEM) အကျုံး၀င်မှုသည် အရေးပေါ်ကုသမှုခံယူရန် အတွက်အရည်အချင်းမပြည့်မီသူများ နှင့် နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုချက်များကိုမပြည့်မီသူများ သို့မဟုတ် 5-နှစ်ဘား အစီအစဥ်တွင်မပါ၀င်သည့် အရည်အချင်းပြည့်မီသူများအတွက် စီစဥ်ပေးထားသည့် အစီအစဥ်တစ်ရပ်ဖြစ်ပါသည်။

Help Me Grow ၀ါရှင်တန်၏ ဟော့လိုင်းနံပါတ် 1-800-322-2588 သို့ဆက်သွယ်ပါက သင်အရည်အချင်း ပြည့်မီနိုင်သည့် ခြားနားသောကျန်းမာရေးအစီအစဥ်များနှင့် ၀န်ဆောင်မှုများကို ဖော်ပြပေး၍လျှော က်ထားရန် ကူညီနိုင်ပါသည်။ ယင်းတွင်-

  • WIC (အမျိုးသမီးများ၊ မွေးကင်းစကလေးငယ်များ နှင့် ကလေးငယ်များအတွက် အာ ဟာရအစီအစဥ်)
  • ကလေးငယ်များ၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ နှင့် အရွယ်ရောက်ပြီးသည့် လူကြီးများအတွက် ကျန်းမာရေးအာမခံ
  • Take Charge အစီအစဥ်မှတစ်ဆင့် သားဆက်ခြားခြင်း
  • ကျန်းမာရေး နှင့် မိသားစုအစီအစဥ် ဆေးခန်းများ
  • ကိုယ်၀န်ဆောင်ခြင်း နှင့် ကလေးငယ်များအတွက် ပံ့ပိုးမှုများ
  • နို့ချိုတိုက်ကျွေးခြင်း အထောက်အပံ့
  • အစားအသောက် အစီအစဥ်များ နှင့် ရင်းမြစ်များလည်း ရှိပါသည်။
လူ၀င်မှုကြီးကြပ်ရေး နှင့် ဒုက္ခသည်ဆိုင်ရာ အချက်အလက်

Office of Immigrant and Refugee Affairs (OIRA) သည် ကိုဗစ်-19 နှင့် ရွှေ့ပြောင်းထိုင်သူဆိုင်ရာ အလေးထားဖွယ်ကိစ္စရပ်များအကြောင်း အရေးကြီးသော အချက်များကို ရွှေ့ပြောင်းနေထိုင်သူများ နားလည်သဘောပေါက်စေရန် ကူညီပေးသည်။

  • ဆေးရုံများ နှင့် ဆေးခန်းများအနေဖြင့် နိုင်ငံသားဖြစ်မှု သို့မဟုတ် လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များကို ICE နှင့် မျှဝေခွင့် မရှိပါ။
  • COVID-19 အတွက် ဆေးစစ်ခြင်း နှင့် ထောက်ပံ့ကြေး သို့မဟုတ် ဆေး၀ါးကုသမှုစရိတ် လျှော့ချပေးခြင်းများ ရယူခြင်းသည် အစိမ်းရောင်ကဒ် သို့မဟုတ် နိုင်ငံခြားဖြစ်ရန် လျှောက်ထားမှုအတွက် အကျိုးသက်ရောက်မှုမရှိပါ။
  • အလုပ်လက်မဲ့ ခံစားခွင့်များလျှောက်ထားရန်အတွက် လူမှုလုံခြုံရေးနံပါတ် မလိုအပ်ပါ။ ပါသည်။ အလုပ်လက်မဲ့ ခံစားခွင့်များကို လျှောက်ထားခြင်း နှင့် ပတ်သက်၍ တစ်စုံတ စ်ယောက်ကို ပြောဆိုလိုပါက 1-800-318-6022 သို့ဖုန်းခေါ်နိုင်ပါသည်။
  • အလုပ်လက်မဲ့ ခံစားခွင့်များကို လျှောက်ထားခြင်းက အစိမ်းရောင်ကဒ်လျှောက်ထားရန် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရန်အတွက် လူထုအခွင့်အရေးဆိုင်ရာ စည်းမျဥ်း များအောက်တွင် အကျိုးသက်ရောက်မှု မရှိစေပါ။
  • COVID-19 ကြောင့် ဖျားနာနေသည့်သူတစ်ဦးဦးကို ပြုစုရန် သို့မဟုတ် ရောဂါပိုးကြောင့် မိမိကိုယ်တိုင်ခံစားနေရလျှင် ၀ါရှင်တန်ပြည်နယ်၏ မိသားစု နှင့် ဆေး၀ါးကုသမှုခွင့်ကို လျှောက်ရန် အရည်အချင်းပြည့်မီနိုင်ပါသည်။ ဤခံစားခွင့်အတွက် လူမှုလုံခြုံရေးနံပါတ် မလိုအပ်ပါ။ ESD အနေဖြင့် အခြားသော စာရွက်စာတမ်းများကို လက်ခံပါသည်။
  • သင်သည် အကူအညီရှာဖွေနေသော စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက ဖက်ဒရယ် အသေးစား စီးပွားရေးလုပ်ငန်း ကြီးကြပ်ရေးဌာနမှ အရေးပေါ် ချေးငွေ လျှောက်ထားခြင်းသည် သင်၏နေထိုင်ခွင့်ကတ် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်မှုအပေါ် ထိခိုက်မည် မဟုတ်ပါ။

Office of Immigrant and Refugee Affairs (OIRA) အနေဖြင့် သင်သည် သင့်အခြေအနေ သို့မဟုတ် သင့်မိသားစုဝင်၏ အခြေအနေ သို့မဟုတ် သင့်အကျိုးခံစားခွင့်များနှင့် ပက်သတ်၍ သေချာမသိပါက လူဝင်မှုကြီးကြပ်ရေး ရှေ့နေ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိ သို့မဟုတ် Department of Justice (DOJ) က တရားဝင်ခန့်အပ်ထားသော ကိုယ်စားလှယ်ကို ဆက်သွယ်ရန် အကြံပြုထားသည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေများ အသင်းမှ တစ်ဆင့် ရှေ့နေရှာဖွေနိုင်သည် သို့မဟုတ် DOJ က တရားဝင်အသိအမှတ်ပြုထားသော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

OIRA အနေဖြင့် ဒုက္ခသည်များ နှင့် ရွှေ့ပြောင်းလာသူများကို ကူညီရန် အစီအစဥ်များရှိပါသည်-

  • အလုပ်ရှာဖွေပေးခြင်း နှင့် လေ့ကျင့်ပေးခြင်း
  • လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အပံ့
  • လူငယ်များအားဖြင့် သင်တန်းပေးခြင်း
  • သက်ကြီးဒုက္ခသည်များ၊ ကလေးသူငယ်များ၊ ကျောင်းသားများ နှင့် တခြားသူများအတွက် အထောက်အပံ့
  • COVID-19 ကာလတွင် ပုံမှန်အစီအစဥ်များကို အဝေးထိန်းစနစ်ဖြင့်သာလျှင် ဖွင့်လှစ်ထား ပါသည်။ ရုံးအနေဖြင့် သင့်ကို အလုပ်ကူလျှောက်ပေးရန် သို့မဟုတ် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ပေးရန်၊ သင်၏ ပညာရေးကို ထောက်ပံ့ပေးရန် နှင့် သင်၏ အိမ်ရာနှင့် ပတ်သက်သည့် ၀န်ဆောင်မှုအသစ်များ ရှိပါသည်။ ဒုက္ခသည်များကို ငွေကြေးထောက်ပံ့ပေးမှု နှင့် ဒုက္ခသည်များ အတွက် ဆေး၀ါးကုသမှုအထောက်အကူအတွက် အရည်အချင်းပြည့်မီခြင်းများကို စက်တင်ဘာလ 30 ရက်၊ 2020 အထိတိုးမြှင့်ထားပါသည်။
  • ၀န်ဆောင်မှုများ နှင့် ထပ်ဆင့်အချက်အလက်များအတွက် 360-890-0691 သို့ ဖုန်းခေါ်ဆိုပါ။

ရွှေ့ပြောင်းလာသူများအတွက် အခွင့်အရေးများ နှင့် စပ်လျဥ်း၍လည်း ထိန်းသိမ်းခံထားရသည့် မိမိ၏ ဆွေမျိုး၊ မိတ်ဆွေများအတွက် ကူညီထောက်ပံ့ပေးခြင်း နှင့် တခြားဆက်နွယ်သော အချက်အလ က်များအတွက် Washington Immigrant Solidarity Network ဟော့လိုင်း 1-844-724-3737 သို့ဆက် သွယ်ပါ။ ဖုန်းစကားပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။

စိတ်ကျန်းမာရေး နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာရေး

ဤအချိန်သည် အင်မတန်ဖိစီးမှုများသည့် အချိန်အခါဖြစ်ပါသည်။ သင်ကိုယ်တိုင် နှင့် သင်၏ချ စ်ရသူများအားလုံး စိုးရိမ်ကြောင့်ကျခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ ခြင်း သို့မဟုတ် ဒေါသထွ က်ခြင်းများ ခံစားရပါက ယင်းကပုံမှန်ဖြစ်ပါသည်။ သင်သည် တစ်ဦးတည်းမဟုတ်ပါ။ လိုအပ်သည့် အကူအညီတောင်းခံခြင်းများ လုပ်ဆောင်နိုင်ပါသည်။

ဖိစီးမှုနှင့် ခက်ခဲသည့် အခြေအနေများကို တုံ့ပြန်ပုံသည့် တစ်ယောက် နှင့် တစ်ယောက်မတူညီပါ။ မိမိလုပ်ဆောင်နိုင်သည့် အရေးအကြီးဆုံးအရာမှာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်း၊ မိမိ၏မိသားစုကို ဂရုစိုက်ခြင်း နှင့် သင်၏ ပတ်၀န်းကျင်ကို အကောင်းဆုံး ဂရုစိုက်ခြင်းသာလျှင် ဖြစ်ပါသည်။

ယခုလိုခက်ခဲလှတဲ့အချိန်မျိုးကို ကျော်လွှားဖြေရှင်းဖို့ ဘာကသင့်ကို ကူညီပေးသနည်း သင်၏ မိတ်ဆွေ နှင့် မိသားစုများ ထံပြန်လည်၍ ဆက်သွယ်ပြီးပြီလား အသက်ကိုခပ်ပြင်းပြင်းရှုခြင်း နှင့် အကြောဆ န့်ခြင်း၊ အားကစားတချို့နှင့် အိပ်ရေး၀၀အိပ်စက်ခြင်းများ လုပ်ဖြစ်ပါသလား ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းကို ဦးစားပေးခြင်းက သင့်ကို ဖိစီးမှုများ လျော့ကျစေနိုင်ပါသည်။

1-833-681-0211 သို့ ဖုန်းခေါ်ဆို၍ Washington Listens ကို ဆက်သွယ်လိုက်ပါ။ ဖုန်းစကား ပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။ COVID-19 ကပ်ရောဂါကို တုံ့ပြန်သည့် အနေဖြင့် ၀ါရှင်တန်မှ ထောက်ပံ့ပေးသည့် အစီအစဥ် Washington Listens ကိုထုတ်ပြန်ခဲ့ပါသည်။ Washington Listens ၀န်ဆောင်မှုများကို အသုံးပြုသူများသည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများ နှင့် ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကူညီထောက်ပံ့မှုများရရှိပါသည်။ Washington Listens မှ ၀ါရှင်တန်၌ ရှိသည့် မည်သူမဆို ထောက်ပံ့ရေးပညာရှင် နှင့် စကားပြောဆိုနိုင်ရန် ကူညီပေးနိုင်ပါသ ည်။ ဖုန်းခေါ်ဆိုသူများအနေဖြင့် ၎င်းတို့၏ ဧရိယာတစ်၀ိုက်ရှိ ပတ်၀န်းကျင်ရင်းမြစ် အထောက်အပံ့ နှင့် အဆက်အသွယ်များကို ရရှိနိုင်သည်။ ဤအစီအစဥ်သည် ထင်ရှားမှုမရှိသေးပါ။

သင်၏ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အသိပညာပေးမှုခံယူရန် တစ်စုံတစ်ယောက် နှင့် ပြောဆိုလိုပါက ရွေးချယ်နိုင်ရာ တချို့ ရှိပါသည်။

  • Disaster Distress Helpline အနေဖြင့် သဘာ၀ဘေးဒဏ် သို့မဟုတ် လူကြောင့် ဖြစ်ပွားသည့် ဘေးဒဏ်များ ကြောင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသည့် သူများကို ချက်ချင်း အသိ ပညာပေးခြင်းများကို ထောက်ပံ့ပေးပါသည်။ 1-800-985-5990 သို့ ဖုန်းခေါ်ဆိုပါ။ သူတို့ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာလျှင် သင်၏ဘာသာစကားအား ပြောခြင်းအားဖြင့် စကားပြန်၀န် ဆောင်မှုများကို ရရှိနိုင်ပါသည်။ Helpline သည် နေ့စဥ် 24 နာရီလုံး ဆက်သွယ်၍ ရနိုင်ပါသည်။
  • Crisis Connections အနေဖြင့် တစ်ဦးချင်းစီအနေဖြင့် ဖြစ်စေ၊ မိသားစုများ နှင့် မိတ်ဆွေများ ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အခက်ကြုံနေရသည့်သူများကို လျင်မြန်စွာကူညီထောက်ပံ့ပေးနိုင်ရန် 24 နာရီ Crisis လိုင်းကို ဖွင့်ထားပါသည်။ ယင်းက King ကောင်တီတွင်နေထိုင်သူများကို ထောက်ပံ့ပေးပါသည်။ ဖုန်းစကားပြန်၀န်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။ 1-866-427-4747 သို့ ဖုန်းခေါ်ဆိုပါ။
  • National Suicide Prevention Lifeline မှလည်း သေကြောင်းကြံစည်ရန် စဥ်းစား နေသည့်သူများကို ကာကွယ်ရန် နှင့် အခက်ကြုံမှုတွင် အသုံးပြုမည့် ရင်းမြစ်များကိုလည်း ကမ်းလှမ်းထားပါသည်။ မိမိတို့၏ မိသားစု နှင့် မိတ်ဆွေများကို ကူညီရန်အတွက် လိုအပ်သည့် ရင်းမြစ်များကိုရယူရန် ချစ်ရသောသူများမှလည်း lifeline သို့ ဆက်သွယ်နိုင်ပါသည်။ 1-800-273-8255 သို့ ဖုန်းခေါ်ဆိုပါ။ ဤ ဟော့လိုင်းမှာ နေ့စဥ် 24 နာရီ နှင့် တစ်ပတ်လျှင် 7 ရက်စလုံး ခေါ်ဆိုနိုင်ပါသည်။ စစ်မှုထမ်းဟောင်းများအတွက်လည်း သီးသန့် helpline တစ်ခုရှိပါသည်။ 1-800-273-8255 သို့ ဖုန်းခေါ်ဆို၍ 1 ကိုနှိပ်ပါ။ အကယ်၍ သင်သည် နားမကြား နှင့် အကြားအာရုံပြဿနာ ရှိသောသူဖြစ်ပါက 1-800-799-4889 သို့ ဖုန်းခေါ်ဆိုပါ။
အစားအသောက် ရင်းမြစ်များ

အကယ်၍ သင့်တွင် 18 နှစ် နှင့် ယင်းထက်ငယ်သည့် အသက်အရွယ်ရှိသော ကလေးရှိပါက မိမိတို့ကျောင်းမှ အစားအသောက်အခမဲ့ ရရှိနိုင်ပါသည်။ မသန်မစွမ်းဖြစ်နေသည့် အရွယ်ရော က်ပြီးသူများအနေဖြင့်လည်း ပညာရေးအစီအစဥ်များတွင် စာရင်းသွင်းထားပါက ကျောင်းမှပေးသည့် အစားအသောက်များကို ရယူရန် အရည်အချင်း ပြည့်မီပါသည်။ ပုံမှန်အားဖြင့် ဤအစားအသောက် များမှာ ကျောင်းတည်နေရာများမဟုတ်သည့် ဘတ်စ်ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လာပို့ပေး လေ့ရှိပါသည်။ အခမဲ့အစားအသောက်များ ရရှိနိုင်မှု ရှိ၊မရှိကို သင်၏ ကျောင်းခရိုင်ကို ဆက်သွယ်မေးမြန်းပါ။

ကိုယ်၀န်ဆောင်ထားရသောသူများ၊ မိခင်အသစ်များ နှင့် အသက် 5 နှစ်အောက်ကလေးငယ်များမှာ Department of Health’s Women, Infants and Children (WIC) အစီအစဥ်မှ တစ်ဆင့် အစား အသောက်များကို ရရှိနိုင်ပါသည်။ ဘာသာစကားအကူအညီအတွက် 1-866-632-9992 သို့ ဖုန်းခေါ်ဆိုပါ။

Covid-19 ကာလတွင် အစားအသောက်များ ပိုမိုတောင်းခံလာမှုကြောင့်အစားအသောက်ဘဏ်များ အနေဖြင့် မိမိတို့၏ လမ်းညွှန်ဆိုင်းဘုတ်များ နှင့် ဖွင့်သည့် အချိန်နာရီများကို ပြောင်းလဲထားခြင်း၊ ပိတ်သိမ်းထားခြင်းများ ပြုလုပ်ထားနိုင်ပါသည်။ မသွားခင် ဖုန်းခေါ်ဆိုပါ။ Northwest Harvest သည် ပြည်နယ်တစ်ခွင်၌ရှိသော အစားအသောက်ဘဏ် ကွန်ရက် တစ်ခုဖြစ်ပါသည်။ ၀က်ဘ်ဆိုက်ရှိ အစိမ်းရောင်သေတ္တာလေး၏ ဘယ်ဘက်တွင် ရှိသည့် သေတ္တာတွင် သင်၏ မြို့နာမည်ကို ရိုက်ထည့်ပါ။

၀ါရှင်တန်၏ အရှေ့ပိုင်းတွင် နေထိုင်ပါက အစားအသောက်ဘဏ်များစာရင်းကို Second Harvest တွင် တွေ့နိုင်ပါသည်။ သင်၏နေရာတွင်ရှိသည့် အစားအသောက်ဘဏ်များ၏ စာရင်းကို တွေ့ရှိနိုင်ရန် ၀က်ဘ်ဆိုက်တွင် သင်၏ကောင်တီကို ရွေးချယ်ပါ။

အခြေခံအစားအစာအကျိုးခံစားခွင့်ကဒ်ပြားများ

အခြေခံအစားအစာအကျိုးခံစားခွင့် (EBT) ကဒ်ပြားများကို အစားအစာဝယ်ယူရာတွင်အသုံးပြုနိုင်ပြီး လူအပိုင်းအခြားတစ်စုအတွက်ရရှိနိုင်ပါသည်။ အမေရိကန်နိုင်ငံသားများသည် ဤအကျိုးခံစားခွင့်ကို အခြေခံအစားအစာစာမျက်နှာ ဝါရှင်တန်ပြည်နယ် Department of Social and Health Services (DSHS) ဝက်ဘ်ဆိုဒ်တွင်လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ဤအကျပ်အတည်းကာလအတွင်း အချို့သောလူကြီးများနှင့်သက်ဆိုင်သည့် လုပ်ငန်းလိုအပ်ချက်ကို ဖယ်ဒရယ်အစိုးရကဆိုင်းငံ့ထားသည်။ သို့သော် ဖက်ဒရယ်အစိုးရအနေဖြင့် သင်သည်ဤအကျိုး ခံစားခွင့်အတွက်အရည်အချင်းပြည့်မီရန် အမေရိကန်ပြည်ထောင်စုနိုင်ငံသားဖြစ်ရန်လိုအပ်သည်။

အထက်တွင်ဖော်ပြထားသော ဒက်ဘစ်ပုံစံကဒ်များသည် အခြားပရိုဂရမ်လိုအပ်ချက်များ ကိုပြည့်မီသောနိုင်ငံသားမဟုတ်သူများအတွက် ရရှိနိုင်သည်။ ဤအကျိုးခံစားခွင့်ကို သင်သည်
DSHS ပြည်နယ်အစားအစာ‌ထောက်ပံ့ရေးပရိုဂရမ် နှင့်အတူလျှောက်ထားနိုင်သည် (အင်္ဂလိပ်ဘာသာဖြင့်သာ)။

မိသားစုများအတွက် အချက်အလက် နှင့် ရင်းမြစ်များ

ဤအချိန်သည် မိသားစုများအားလုံးအတွက် ဖိစီးမှုအဖြစ်ဆုံး အချိန်ဖြစ်ပါသည်။ ဤကဲ့သို့ အခြေအနေကို သင်၏ ကလေးငယ်များ နှင့်အတူ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပုံကို သိရန် အောက်ဖော်ပြပါ အကြံပြုချက်များကိုဖော်ပြပေးထားပါသည်-

သက်တောင့်သက်သာ ရှိသည့် နေရာမျိုးတွင် မိသားစုအစည်းအဝေးလုပ်၍ မိမိတို့၏ မိသားစု၀င်များကို မေးခွန်းများမေးရန် အားပေးပါ။ ငယ်ရွယ်သော ကလေးငယ်များအတွက် သီးသန့် ဆွေးနွေးမှုလုပ်ခြင်း က သူတို့ နားလည်နိုင်သည့် စကား နှင့် သူတို့၏ သတ်သတ်မှတ်မှတ် ကြောက်ရွံ့မှုများ နှင့် အယူအ ဆအလွဲများကို ထုတ်ဖော်ပြောဆိုနိုင်ရန် အဆင်ပြေနိုင်ပါသည်။

အချက်အလက်အသစ်များအတွက် မျက်စိပွင့်နားပွင့် ဖြစ်သင့်သော်လည်း မီဒီယာ သို့မဟုတ် လူမှုကွန်ရက်၏ ကြောက်ရွံ့မှု နှင့် ထိတ်လန့်မှုများကို အသားပေးသောအရာများမှ လျှော့ချပါ။ ကပ်ရောဂါ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထုတ်လွှင့်သော မီဒီယာ နှင့် လူမှုကွန် ရက်များကို မိမိ၏ ကလေးငယ်များ မည်မျှသုံးစွဲနေသည်ကို အထူးသဖြင့် သိရှိအောင်လုပ်ထားပါ။

လတ်တလောအခြေအနေကို သူတို့နားလည်နိုင်ရန် မေးခွန်းများမေးရန် အားပေးခြင်းအားဖြင့် ကလေးများကို ထောက်ပံ့ကူညီပေးရန် အာရုံစိုက်ပါ။

  • သူတို့၏ ခံစားချက်များကို ထုတ်ပြောစေ၍ နားလည်ကြောင်း ဖော်ပြပါ။
  • သူတို့၏ ခံစားချက်များကို ပန်းချီဆွဲခြင်း သို့မဟုတ် တခြားသောလုပ်ဆောင်မှုများမှတစ်ဆင့် ကူညီဖော်ပြပေးပါ။
  • အသက်ရှုလမ်းကြောင်း နှင့်ဆိုင်သော ရောဂါတိုင်းသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်သလို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ပုံ နှင့် စပ်လျဥ်း၍ အယူအဆအမှားများ သို့မဟုတ် တလွဲ အယူအဆများကို ရှင်းပြပါ။
  • နှစ်သိမ့်ပေးပြီး ပို၍ စိတ်ရှည်မှုပြပေးပါ။
  • အခြေအနေ ပြောင်းလဲလာသည့် အခါမျိုးတွင် သို့မဟုတ် ပုံမှန် သင်၏ ကလေးငယ်များနှင့် ဆက်သွယ်ပြောဆို ပေးပါ။
  • အိပ်ချိန်များ၊ စားချိန်များ နှင့် အားကစားလုပ်ချိန်များ နှင့် ပတ်သက်လျှင် မိသားစု၏ အချိန်ဇယားကို တစ်သမတ်တည်းထားပါ။
  • ဖိစီးမှုများသည့် အချိန်များတွင် သင် နှင့် သင့် မိသားစုကို ခံစားမှုကောင်းစေသောအ ရာများဖြစ်သည့် စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းဆော့ခြင်း၊ အားကစားလုပ်ခြင်း သို့မဟုတ် ဘာသာရေးလုပ်ဆောင်မှုများဖြစ်သည့် (ဆုတောင်းခြင်း၊ အင်တာနက်မှတစ်ဆင့် အစည်းဝေးပွဲများတက်ရောက်ခြင်းများ) တွင် ပါ၀င်ပါ။
  • ကပ်ရောဂါကဲ့သို့ ဖိစီးမှုများသည့် အခြေအနေမျိုးတွင် အထီးကျန်ခြင်း၊ ပျင်းရိခြင်း၊ ရောဂါကူး စက်ခံရမှာ ကြောက်ခြင်း၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှု နှင့် ထိတ်လန့်မှုများသည် သာမာန်ခံစားချက်များ သာလျှင် ဖြစ်ကြောင်း အသိအမှတ်ပြုပါ။
  • သင့်မိသားစု နှင့် ၎င်းတို့၏ ယဥ်ကျေးမှု နှင့်ကိုက်ညီသော ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်မှုများတွင် ပါ၀င်ပါ။
ထပ်ဆင့်ရင်းမြစ်များ နှင့် အချက်အလက်

Washington State Commission on Asian Pacific American Affairs (CAPAA)